ဂျာမနီတွင် အလုပ်လုပ်လိုသူများနဲ့ ပညာသင်လိုသူများကို အချိန် ၆ လ အတွင်း ရောက်နိုင်အောင် 2019 ခုနှစ်ကတည်းက အကြံပေးနေပါသည် ..

ပိုမိုကြည့်ရှုရန်

AECOT

မျှော်မှန်းချက်

ဂျာမနီနိုင်ငံရှိ ကမ္ဘာ့အသိအမှတ်ပြု အရည်အသွေးပြည့်မှီသော အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့်၊ နိုင်ငံတကာအဆင့်မှီသော တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ရန် အထောက်အကူပေးခြင်းအားဖြင့်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေလာခြင်းနှင့် ပါရမီရှင်ပညာရှင်များ ပေါ်ထွန်းလာခြင်းတို့ကို ဖြစ်ပေါ်စေပြီး၊ မြန်မာနိုင်ငံသားများနှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ အကျိုးရှိလာစေရန် ရည်ရွယ် မျှော်မှန်းသည်။

AECOT အကြောင်း

AECOT Consulting သည် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသည့် လုပ်ငန်းများ၊ နောက်ဆုံးပေါ် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာများကို အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းများ၊ ဂျာမနီနှင့် အနောက်နိုင်ငံများတွင် ပညာသင်ကြားလိုသူများနှင့် အလုပ်လုပ်လိုသူများကို အကြံပေးလျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။

students of AECOT

ဂျာမနီမှာ ဘာလို့ ပညာသင်ကြပါသလဲ?

(၁) ဂျာမန်နိုင်ငံသားများနည်းတူ နိုင်ငံခြားသားကျောင်းသားများလည်း ဂျာမန် တက္ကသိုလ်များမှာ ကျောင်းလခမပေးရပါ။

(၂) နိုင်ငံခြားသားကျောင်းသားတိုင်း တစ်နှစ်လျှင် ၅ လခွဲ (ရက် ၁၂၀) အလုပ်လုပ်ခွင့်ရှိသည်။ စာသင်ချိန်ပြင်ပတွင် အလုပ်လုပ်ခြင်းဖြင့် လူနေမှုကုန်ကျစရိတ်ထက်ပိုသောငွေ ရနိုင်သောကြောင့်၊ ပညာသင်စဥ် ဝင်ငွေရှာနိုင်သည်။

(၃) ဂျာမနီတွင် ပညာသင်ယူပြီး အလုပ်လုပ်ပါက ၂ နှစ်မှ ၅ နှစ်အတွင်း ဂျာမနီတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

ဂျာမနီနိုင်ငံမှာ  နေတဲ့ လူတိုင်း “ ဘဝအာမခံချက် ရှိကြသည်” လို့ဘာကြောင့် ပြောကြတာလဲ?

ဂျာမနီနိုင်ငံမှာနေသော အမြဲတမ်းနေထိုင်ခွင့်ရှိသူတိုင်း နှင့် ဂျာမန်နိုင်ငံသားတိုင်း လစဥ်ဝင်ငွေ မရှိလျှင် သို့မဟုတ် လစဥ်ဝင်ငွေက နည်းနေလျှင် ဥပဒေအရ ဂျာမနီနိုင်ငံကပေးသော နေ/စား/သွား စရိတ်များ အတွက် လစဉ်ထောက်ပံ့ကြေးကို တရားဝင်ခံစားခွင့်ရှိပါသည်။

အဲဒီလို နိုင်ငံက ဥပဒေအရ ထောက်ပံ့နေတာကြောင့် ဂျာမနီနိုင်ငံမှာနေတဲ့ လူတိုင်း တစ်သက်လုံး ပူပင်စရာမလိုပဲ နေလို့ရသော “ဘဝအာမခံချက် ရှိကြသည်” လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဂျာမနီမှာ အချိန်ပိုင်း အလုပ်လုပ်ပြီး တက္ကသိုလ်တက်ဖို့ ဖြစ်နိုင်မလား?

Düsseldorf တက္ကသိုလ်တက်နေတဲ့ AECOT Consulting ရဲ့ ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါတယ်။ သူဟာ ဆိုင်အရောင်းသမားအဖြစ်၊ ကျောင်းချိန် အပြင်ဖက်မှာ တစ်ပါတ်ကို ၃ရက် သွားပြီး နာရီ ၂၀ အချိန်ပိုင်း အလုပ် လုပ်ပါတယ်။ အနည်းဆုံး လစာပြည့်ခွင့် တစ်လ ရသည့်အတွက်၊ တစ်နှစ်တွင် အများဆုံး ၁၁ လ ပဲ အလုပ်လုပ်တာပါ။ ဤအလုပ်ရှိနေသဖြင့် နေထိုင်ခွင့်အတွက် နှစ်စဥ်  € 11387 (ကျပ် 340 သိန်း) ထားပြရန် လည်း မလိုတော့ပါ။

သူသည် တစ်လကို € 1000 (ကျပ် 30 သိန်း) ကျော် ရပြီး၊ သူ့ရဲ့ လစဥ် ကုန်ကျစရိတ် စုစုပေါင်း € 770 (ကျပ် 23 သိန်း) ဖြစ်တာကြောင့် တစ်လတွင် ပိုငွေ € 230 (ကျပ် 7 သိန်း)၊ တစ်နှစ်တွင် ပိုငွေ € 2760 (ကျပ် 82 သိန်း) ရှိနိုင်မည်ဖြစ်သည်။

တက္ကသိုလ်တက်သော ဂျာမန်ကျောင်းသားတစ်ယောက်အတွက် ဂျာမနီနိုင်ငံက ပေးသော ထောက်ပံ့ကြေး BAföG သည်  2023 တွင် တစ်လ € 934 (ကျပ် 28 သိန်း) ဖြစ်သည်။

ဂျာမနီနိုင်ငံတွင်  ပညာသင်အလုပ်လုပ်နေကြပြီ

ဂျာမနီနိုင်ငံတွင် ပထမဆုံးတက္ကသိုလ်ကို ၁၃၈၆ ခုနှစ်၌ တည်ထောင်ခဲ့ပြီး၊ ပညာရပ်ပေါင်း ၂၀,၀၀၀ ကျော်ကို တက္ကသိုလ်ပေါင်း ၄၀၀ ကျော်တွင် သင်ယူနိုင်ပါသည်။

ထင်ရှားသော ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း အပါအဝင် နိုဘယ်ဆုရရှိသူပေါင်း လူတစ်ရာကျော် ရှိနေပြီး၊ ဥရောပတွင် အကောင်းဆုံး သုတေသန လုပ်နိုင်သော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပါသည်။

ဂျာမနီနိုင်ငံရှိ တက္ကသိုလ်များမှ ရရှိသော ဘွဲ့နှင့် ဒီဂရီများကို ကမ္ဘာတဝှမ်းလုံးမှာ အသိမှတ်ပြုနေသည့်အပြင်၊ ကျောင်းသားအားလုံး၏ ပညာသင်စရိတ်ကို . . .

 ဂျာမနီနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းများ

ဂျာမနီနိုင်ငံမှာ ဘယ်ပရော်ဖက်ရှင်နယ်များ အရေးတကြီးလိုအပ်နေလဲ သင်သိပါလား ? နယ်ပယ်အားလုံးတွင် ကျွမ်းကျင်သူများ လိုအပ်‌‌ကြောင်း  သင်သိပါလား ? ဂျာမနီသည် ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများကို ရှာဖွေနေသည်။ယခုလက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုသည် သူနာပြုအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကြောင့် တည်ငြိမ်သောကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုအား ဂျာမနီနိုင်ငံသည်ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ …

ဆက်သွယ်ရန်

အမှတ် ၁၆၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊
စာတိုက်အမှတ် ၁၁၂၁၁၊ ရန်ကုန်မြို့။

Mobile ဖုန်း, Viber & WhatsApp

၀၉ ၇၅၆ ၈၈၁ ၅၁၉
၀၉ ၇၅၆ ၈၈၁ ၅၂၀

ကြိုးလိုင်းဖုန်း

၀၁ ၇၀၀ ၄၁၀

info@aecot.com
aecot.com@gmail.com
aecotmyanmar@gmail.com

အသုံးဝင်သော link များ

AECOT အကြောင်း

၀န်ဆောင်မှုများ

လိုအပ်သော ဘာသာစကားကျွမ်းကျင်မှုအဆင့်

အလုပ်အကိုင်အခွင့်အလမ်းများ

တည်နေရာ လမ်းညွှန်

COVID-19 အတွက် လုပ်ဆောင်ချက်များ