ဂျာမနီ၏ အလုပ်အကိုင်အခွင့်အလမ်းများ

AECOT

ဂျာမနီနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများနှင့် ပညာရှင်များ လိုအပ်နေ။

ဂျာမနီမှာ ဘယ်ပရော်ဖက်ရှင်နယ်များ အရေးတကြီးလိုအပ်နေလဲ သင်သိပါလား ? နယ်ပယ်အားလုံးတွင် ကျွမ်းကျင်သူများ လိုအပ်‌‌ကြောင်း  သင်သိပါလား ?

ဂျာမနီသည် ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများကို ရှာဖွေနေသည်။

ယခုလက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုသည် သူနာပြုအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကြောင့် တည်ငြိမ်သောကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုအား ဂျာမနီနိုင်ငံသည်ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဂျာမန်ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် ငယ်ရွယ်ပြီးအရည်အချင်းပြည့်မီသော အလုပ်သမားများ၊ သမားတော်များ အပေါ်တွင်ရပ်တည်နေပြီး၊ ဆေးရုံများ၊ အထူးကုဆေးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ပုဂ္ဂလိက ဆေးခန်းများက အခြားလေ့ကျင့် သင်ကြားထားသည့် သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များကို အစဉ်အမြဲရှာဖွေနေပြီး အလုပ်များပေးနေသောကြောင့် ဖြစ်သည်။

အရည်အချင်းပြည့်မီသော ဒစ်ဂျစ်တယ်နည်းပညာရှင်များ၊ ကျယ်ပြန့်သော ရှုထောင့်အသစ်များကို ဖန်တီးဖော်ဆောင် နိုင်သော အင်ဂျင်နီယာများကိုလည်း ကုမ္ပဏီများစွာသည် အရေးပေါ်ရှာဖွေလျှက်ရှိပြီး အစဥ်အမြဲ  အလုပ်များကို ပေးနေပါသည်။

ဂျာမနီ၏ IT ကဏ္ဍသည် နှစ်စဉ်နှစ်တိုင်း အလုပ်အကိုင်သစ် ထောင်ပေါင်းများစွာကို ကမ်းလှမ်းလျက်ရှိပါသည်။ ထို့ကြောင့်၊ အတွေ့အကြုံရှိသော သို့မဟုတ် အစပျိုးလေ့ကျင့်ထားသော IT ကျွမ်းကျင်သူများကိုလည်း ဂျာမနီနိုင်ငံရှိ ကုမ္ပဏီများစွာက အမြဲတမ်း ရှာဖွေနေပြီး အလုပ်များပေးနေပါသည်။ Start-up ကုမ္ပဏီ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီကြီးများနှင့် ကုန်ထုတ်လုပ်ငန်းများတွင် IT  ကျွမ်းကျင်သော အစပျိုးပညာရှင်များနှင့် အတွေ့အကြုံရင့်ပညာရှင်များကိုလည်း လိုအပ်နေပါသည်။ သိပ္ပံပညာရှင်များ၊ ဇီဝအင်ဂျင်နီယာပညာရှင်များ၊ စွမ်းအားနှင့်ပတ်ဝန်းကျင် အင်ဂျင်နီယာပညာရှင်များ၊ ဆေးဝါးပညာရှင် များကိုလည်း အရေးတကြီး ရှာဖွေနေပါသည်။ ကျွမ်းကျင်သောလက်မှုပညာရှင်များကိုလည်း ဂျာမနီ၏အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ  အရေးတကြီး ရှာဖွေနေပါသည်။

အလုပ်ရှာဖွေသူများအတွက် ဗီဇာရရှိရန် လိုအပ်ချက်များမှာ အဘယ်နည်း?

ဂျာမနီနိုင်ငံ၏ တက္ကသိုလ်ဘွဲ့ (သို့) အသက်မွေးဝမ်းကျောင်းပညာကို အောင်မြင်စွာ သင်ယူပြီးပါက အလုပ်ရှာနိုင်ရန် တစ်နှစ်အထိ တရားဝင် နေထိုင်ခွင့်ပေးပါသည်။

ဂျာမနီနိုင်ငံ၏ တက္ကသိုလ်ဘွဲ့ (သို့) အသက်မွေးဝမ်းကျောင်းပညာလက်မှတ်မဟုတ်ပါက IT ပညာရပ် (သို့) အင်ဂျင်နီယာ ပညာရပ်များ အတွက် အလုပ်ပေးမည့် ကုမ္ပဏီရှိပါက နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ရမည်။

သို့သော် ကျန်းမာရေးစောင့်ရှောက်မှုစသော အသက်မွေးဝမ်းကျောင်းများအတွက် အလုပ်ပေးမည့် အလုပ်ဌာနရှိရမည့် အပြင် မိမိ၏အသက်မွေးဝမ်းကျောင်းအောင်လက်မှတ်များကို ဂျာမနီနိုင်ငံရှိ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခွင့် အကဲဖြတ်အဖွဲ့ (Antrag auf Anerkennung ihrer Berufsqualifikation beim Landesamt für Soziales, Jugend und Versorgung) သို့ အသိအမှတ်ပြုမှုရရှိမှသာ အလုပ်လုပ်ခွင့်ရှိသည်။

ထိုအပြင် ဂျာမနီတွင် အလုပ်လုပ်လိုသူများသည် ဂျာမန်ဘာသာစကား အနည်းဆုံးအဆင့် B2 လိုအပ်ပါသည်။

ဂျာမနီတွင် အလုပ်ရှာဖွေလိုသူများအတွက် ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ကို ခြောက်လအထိ လျှောက်ထားနိုင်သည်။

အသက်မွေးဝမ်းကျောင်းပညာရပ် အရည်အချင်းပြည့်မီသော နိုင်ငံခြားသားများအတွက် ဂျာမနီနိုင်ငံသို့ လာစရာမလိုဘဲ EU Blue Card (သို့မဟုတ်) နေထိုင်ခွင့်ကို ကြိုတင်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်

အမှတ် ၁၆၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊
စာတိုက်အမှတ် ၁၁၂၁၁၊ ရန်ကုန်မြို့။

Mobile ဖုန်း, Viber & WhatsApp

၀၉ ၇၅၆ ၈၈၁ ၅၁၉
၀၉ ၇၅၆ ၈၈၁ ၅၂၀

ကြိုးလိုင်းဖုန်း

၀၁ ၇၀၀ ၄၁၀

info@aecot.com
aecot.com@gmail.com
aecotmyanmar@gmail.com

အသုံးဝင်သော link များ

AECOT အကြောင်း

၀န်ဆောင်မှုများ

လိုအပ်သော ဘာသာစကားကျွမ်းကျင်မှုအဆင့်

အလုပ်အကိုင်အခွင့်အလမ်းများ

တည်နေရာ လမ်းညွှန်

COVID-19 အတွက် လုပ်ဆောင်ချက်များ