AECOT အကြောင်း

AECOT

အကြောင်းအရာ

မျှော်မှန်းချက် (ဗီးရှင်း)

ဂျာမနီနိုင်ငံရှိ ကမ္ဘာ့အသိအမှတ်ပြု အရည်အသွေးပြည့်မှီသော အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့်၊ နိုင်ငံတကာအဆင့်မှီသော တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ရန် အထောက်အကူပေးခြင်းအားဖြင့်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေလာခြင်းနှင့် ပါရမီရှင်ပညာရှင်များ ပေါ်ထွန်းလာခြင်းတို့ကို ဖြစ်ပေါ်စေပြီး၊ မြန်မာနိုင်ငံသားများနှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ အကျိုးရှိလာစေရန် ရည်ရွယ် မျှော်မှန်းသည်။

လုပ်ဆောင်ချက် (မစ်ရှင်း)

AECOT သည် နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်လိုသည့် စီးပွားရေး လုပ်ငန်းများ၊ နောက်ဆုံးပေါ် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာများကို အသုံးပြုလိုသည့် စီးပွားရေးလုပ်ငန်းများ၊ ဂျာမနီနှင့် အနောက်နိုင်ငံများတွင် ပညာသင်ကြားလိုသူများနှင့် အလုပ်လုပ်လိုသူများ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ရည်မှန်းချက်များကို အောင်မြင်အောင် အကြံပေးသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ဂျာမနီမှာ ဘာလို့ ပညာသင်ကြပါသလဲ?

  • ဂျာမနီနိုင်ငံတွင် ပထမဆုံးတက္ကသိုလ်ကို ၁၃၈၆ ခုနှစ်၌ တည်ထောင်ခဲ့ပြီး၊ ပညာရပ်ပေါင်း ၂၀,၀၀၀ ကျော်ကို တက္ကသိုလ်ပေါင်း ၄၀၀ ကျော်တွင် သင်ယူနိုင်ပါသည်။ ထင်ရှားသော ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း အပါအဝင် နိုဘယ်ဆုရရှိသူပေါင်း လူတစ်ရာကျော် ရှိနေပြီး၊ ဥရောပတွင် အ ကောင်းဆုံး သုတေသန လုပ်နိုင်သော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပါသည်။ ဂျာမနီနိုင်ငံရှိ တက္ကသိုလ် များမှ ရရှိသော ဘွဲ့နှင့် ဒီဂရီများကို ကမ္ဘာတ၀ှမ်းလုံးမှာ အသိမှတ်ပြုနေသည့်အပြင်၊ ကျောင်းသားအား လုံး၏ ပညာသင်စရိတ်ကို ဂျာမနီနိုင်ငံက တာဝန်ယူနေသောကြောင့်၊ ကမ္ဘာတ၀ှမ်းရှိ နိုင်ငံတကာ ကျောင်းသားများ ၏ အကြိုက်နှစ်သက်ဆုံးသော တက္ကသိုလ်ပညာသင်ယူရာနိုင်ငံများထဲမှ တခုဖြစ်နေ ပါသည်။
  • ဂျာမနီရှိ တက္ကသိုလ်များ၌ ကျောင်းသူ/ ကျောင်းသားပေါင်း ၃ သန်းခန့် တက်ရောက်လျှက်ရှိပြီး အပြည် ပြည်ဆိုင်ရာမှ လာသော နိုင်ငံခြားသားကျောင်းသားပေါင်း ၃ သိန်းကျော် ရှိပါသည်။ ထိုနိုင်ငံခြားသား ကျောင်းသားများ၏ တစ်ဝက်ခန့်မှာ ဥရောပမှလာသော ကျောင်းသားများဖြစ်ပြီး၊ ကျန်တစ်ဝက်ကျော် မှာ ဥရောပအပြင်မှလာသော ကျောင်းသူ/ ကျောင်းသားများ ဖြစ်ပါသည်။ အာရှတိုက်မှလာသော ကျောင်းသူ/ ကျောင်းသားများသည် တစ်နှစ်ပြီး တစ်နှစ် တရှိန်ထိုး တိုးပွားလျှက် ရှိပါသည်။

ဘာကြောင့် ဂျာမနီနိုင်ငံ၏ပညာရေး အခမဲ့ ဖြစ်နေပါသလဲ?

  • ဂျာမနီနိုင်ငံတွင် ကျောင်းသားများအားလုံး၏ အခြေခံပညာမှအစ တက္ကသိုလ်ပညာအဆုံးအထိ ပညာရေး ကုန်ကျစရိတ် အားလုံးကို ဂျာမနီနိုင်ငံမှ တာဝန်ယူပါသည်။ ဂျာမနီနိုင်ငံသားများနည်းတူ နိုင်ငံခြားသား ကျောင်းသားများသည်လည်း ကျောင်းလခနှင့် တက္ကသိုလ်လခများ မပေးရပါ။ မိမိစိတ်ကြိုက် အတိုင်း မိမိ တက်လိုသော သင်တန်းများကို တက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်သော်ငြားလည်း မိမိတတ်လိုသောသင်တန်းကို တက်ခွင့်မရသူများအားလည်း ဂျာမနီနိုင်ငံ၏ တက္ကသိုလ်များမှ ဖိတ်ခေါ်နေပါသည်။
  • နိုင်ငံတစ်နိုင်ငံသည် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး၊ ပြည်သူလူထုကို ပညာတတ်များ ဖြစ်အောင် မွေးထုတ်လိုက်ခြင်းဖြင့် စွန့်ဦးတီထွင်ခြင်းများကြောင့် နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိခြင်း၊ အတွေးအခေါ်နှင့် အမျှော်အမြင် ကြီးမားလာမှုကြောင့် နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှုနှင့် တိုးတက်ကြွယ်ဝမှုကို ဖြစ်စေပါသည်။
    အခမဲ့ပညာရေးစနစ် သည် ဂျာမနီနိုင်ငံကဲ့သို့သော မြေအောက်အရင်း အမြစ်မရှိသည့် နိုင်ငံတစ်ခုအတွက် အလွန်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါ သည်။

ဆက်သွယ်ရန်

အမှတ် ၁၆၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊
စာတိုက်အမှတ် ၁၁၂၁၁၊ ရန်ကုန်မြို့။

Mobile ဖုန်း, Viber & WhatsApp

၀၉ ၇၅၆ ၈၈၁ ၅၁၉
၀၉ ၇၅၆ ၈၈၁ ၅၂၀

ကြိုးလိုင်းဖုန်း

၀၁ ၇၀၀ ၄၁၀

info@aecot.com
aecot.com@gmail.com
aecotmyanmar@gmail.com

အသုံးဝင်သော link များ

AECOT အကြောင်း

၀န်ဆောင်မှုများ

လိုအပ်သော ဘာသာစကားကျွမ်းကျင်မှုအဆင့်

အလုပ်အကိုင်အခွင့်အလမ်းများ

တည်နေရာ လမ်းညွှန်

COVID-19 အတွက် လုပ်ဆောင်ချက်များ